Logo

Lifestyle, Editors Pick, Relationships

သင့်ကို လူတွေဘာကြောင့် အကြောင်းပြချက်မရှိဘဲထားခဲ့တာလဲ

သင့်ကို လူတွေဘာကြောင့် အကြောင်းပြချက်မရှိဘဲထားခဲ့တာလဲ

ဘာလို့သင့်ကို ghosting လုပ်ကြလဲ?

 

Ghosting ဆိုတာကတော့ Psychology term တစ်ခုပဲဖြစ်ပါတယ်။ သရဲတစ်ကောင်လို ကိုယ်‌ယောင်ဖျောက်တယ်ဆိုတဲ့ သဘောနဲ့ဆင်တူပါတယ်။

 

အခုလို online datingတွေခေတ်စားလာလို့ လူတွေရာနဲ့ချီစကားပြောလို့ရတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးတွေလည်းပိုများလာပါတယ်။ ငါသူနဲ့ တစ်ခါ ‌နှစ်ခါပဲတွေ့ရသေးတာပါ။ ငါမှသူနဲ့ lineပေါ်မှာပဲရင်းနှီးတာပါ ဆိုပြီးခင်မင်ပြီးတော့ကာမှ သင်နဲ့မသိခဲ့ဖူးသူတစ်ယောက်လို သင့်ရှေ့ကပျောက်သွားတဲ့အခြေအနေမျိုးကို Ghostingလို့ခေါ်တာဖြစ်ပါတယ်။

 

လူတစ်ယောက်ကသင့်ကိုစိတ်မဝင်စားဝောာ့သည့်တိုင် နောက်ဆက်တွဲတွေ ဆက်မဖြေရှင်းချင်လို့ သူမဟုတ်‌တော့သလို စာပို့တာ ချက်ချင်းရပ် ဖုန်းမကိုင်တော့ဘူးဆိုတာ တစ်ကိုယ်ကောင်းဆန်တာပါပဲ။ဒီနေရာမှာဆိုလိုချင်တာက အပြန်အလှန်အရမ်းနီးစပ်ပြီးမှ ရုတ်တရက်စိတ်မဝင်စားတော့ဘူးဆိုတဲ့အခြေအနေမျိုးကိုပြောတာပါ။

ဒါကိုလက်ခံဖို့ခက်ခဲတဲ့ ghosted အလုပ်ခံရတဲ့သူစိတ်ထဲမှာတော့ ဘာလို့လဲ ဆိုတာစိတ်ထဲအရမ်းသိချင်လာတယ်။ ငါအမှားတစ်ခုခုများ လုပ်မိလား။ငါ့ကိုဘာလို့စကားမပြောချင်တော့တာလဲ။ မအားတော့တာလား။ ဘာတွေလုပ်နေလို့မအားတာလဲ။ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးလာပါပြီ။

သင့်ကို လူတွေဘာကြောင့် အကြောင်းပြချက်မရှိဘဲထားခဲ့တာလဲ

ဒီလိုအခြေအနေမျိုးကိုတော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်။လူတိုင်းဟာ ကိုယ်နဲ့အမြဲတမ်းရှိမနေနိုင်ပါဘူး။ပြောစရာတွေကုန်သွားတဲ့အခါမှာ တစ်ယောက်ပြီးတစ်ယောက်ဘေးကနေထွက်ခွာသွားကြတာဟာ ဓမ္မတာပါပဲ။
လက်တွဲဖော်နဲ့ အဆင်မပြေဖြစ်လာရင် ပုံမှန်အခြေအနေမှာ သူနဲ့ကုန်‌ဆုံးတဲ့အချိန်တွေလျော့နည်းသွားမယ်။မျက်နှာချင်းမဆိုင်ချင်တော့ဘူး။စကားပြောတဲ့လေသံအနေအထားတဖြေးဖြေးပြောင်းလာမယ်။ဒါဟာခါးသီးပေမဲ့ လက်ခံနိုင်တဲ့အနေအထားပါပဲ။

 

ဒါဆို ခုနက ပြောတဲ့ “ghost” တွေနဲ့ကွာတဲ့အချက်က
အကြောင်းကိစ္စတစ်စုံတရာမရှိဘဲနဲ့ သင့်အမှားမရှိပဲ ရုတ်တရတ်အဆက်အသွယ်ဖြတ်ခံရတဲ့အခြေအနေမျိုး၊ သင့်စိတ်ကသူ့အတွက်လုံးဝအရေးမပါတော့ဘူးလို့ချက်ချင်းဆိုသလိုခံစားရတဲ့အခြေအနေ ဖြစ်ပါတယ်။

 

နောက်ဆက်တွဲအနေနဲ့ သင့်စိတ်ပိုင်းဆိုင်ရာနဲ့ self-esteem ကိုထိခိုက်လာနိုင်ပါတယ်။ပုံမှန်အားဖြင့် နဂို self-esteem အားနည်းတဲ့သူတွေ (မိမိကိုယ်မိမိအလေးထားမှုမှာအားနည်းသူ) တွေမှာ ပိုပြီးနာကျင်ပြီးစိတ်ဒဏ်ရာပါရရှိနိုင်ပါတယ်။‌ဗဟုသုတအ‌နေနဲ့ လေ့လာတွေ့ရှိချက်အရ ထိုသူရဲ့ဦးဏှောက်ဟာ မိမိကိုယ်ကိုအလေးထားသူတွေထက်ပိုပြီး Opioids လို့ခေါ်တဲ့ နာကျင်ခြင်း၊စွဲလမ်းခြင်းနဲ့ဆက်စပ်တဲ့ ဓာတု‌ပစ္စည်းတစ်မျိုးထုတ်လွှတ်ဝာာပိုနည်းပါတယ်။

သင့်ကို လူတွေဘာကြောင့် အကြောင်းပြချက်မရှိဘဲထားခဲ့တာလဲ

Ghost တွေဟာ သူတို့ရဲ့လုပ်ရပ်ကို စိတ်မကောင်းဖြစ်နိုင်သည့်တိုင် မှားတယ်လို့မတွေးတဲ့အတွက် သင့်ရဲ့ self esteem ထိခိုက်တယ်လို့ခံစားရရင် သိလျင်သိချင်း ဆက်သွယ်ဖို့ထပ်ကြိုးစားမနေဘဲ အဆက်အသွယ်ဖြတ်ဖို့ပဲအကြံပေးချင်ပါတယ်။အရေးအကြီးဆုံးအချက်ကတော့ ဒါဟာသင့်အမှားမဟုတ်ဘဲ ghost ကသာရင့်ကျက်တဲ့အပြုအမူကိုမလုပ်နိုင်တဲ့ ရှောင်ဖယ်ခြင်း၊ ငြင်းပယ်ခြင်း coping mechanism ကိုမှီခိုနေသူများသာဖြစ်ပါတယ်။

 

တန်ဖိုးရှိတဲ့အချိန်တွေကိုကြင်နာတတ်တဲ့သူတွေနဲ့သာကုန်ဆုံးသင့်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်နေရင် ဒီလိုကိစ္စ‌တွေဖြစ်လာရင်တောင် အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ သင်လည်းရင့်ကျက်တဲ့သူတစ်ယောက်ဆိုရင်တော့ တခြားသူတွေကို ghosting မလုပ်ဘဲ အကျိုးသင့်အကြောင်းသင့်ရင်ဆိုင်ဖြေရှင်းရပါမယ်နော်။

 

HER Myanmar team ကို Social media သူငယ်ချင်းတစ်ယောက်လိုလည်းသဘောထားလို့ရလို့ တိုက်‌ဆိုင်မှုတွေရှ်ိရင်လည်း ရင်ဖွင့်လို့ရပါတယ်။သေချာနားထောင်ပေးပါမယ်နော်။

 

အခုပြောပြတဲ့ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ဆောင်းပါးမျိူးသဘောကျတယ်ဆိုရင် HER Myanmar Pageကို followလုပ်ပေးပါ။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

ကျွန်မတို့မိန်းကလေးတွေက ယေဘုယျအားဖြင့် အစားအသောက်မက်ကြပါတယ်။ အစားကြီးတယ်လို့မဆိုလိုဘူးနော်။ အရသာ အမျိုးစုံလင်အောင်စားဖူးချင်ကြတာပါ။ လမ်းမှာ ပြောင်းဖူးပြုတ်လေး မတွေ့လိုက်နဲ့ စားချင်ပြီ။

Read More »
ဇက်ကြောတက် သက်သာစေဖို့ နည်းလမ်း (၉) ခု

ဇက်ကြောတက် သက်သာစေဖို့ နည်းလမ်း (၉) ခု

တစ်ခုခု အာရုံစိုက်မယ်မကြံနဲ့… ဇက်ကြောက အရင်တက်မယ်ဆိုတဲ့ ယောင်းလေးတို့ ဖတ်ဖို့..  တစ်နေ့တာလုပ်ငန်းဆောင်တာတွေပြီးလို့ ညနေစောင်းမှာ ဇက်ကြောတက်ခြင်းကို နေ့တိုင်းနီးပါးခံစားနေရတဲ့ယောင်းတို့များ ရှိနေမလားဟင်…

Read More »
အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

ချစ်တတ်ရင်တော့ အသည်းကွဲရမှာပါပဲ…   အသည်းပါလာရင် အသည်းတော့ ကွဲစမြဲပါပဲ။ ကြီးကြီးမားမား မကွဲရင်တောင် သေးသေးလေးတော့ ကွဲကြဖူးမှာပါ။

Read More »
အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

ဟင့အွငွး စိတညွဈနမယေ့အွစား ကိုယကွတော့ ဒရာမာဇုနထွဲကနပေဲ ပှေးထှကပွဈလိုကမွယွ… ကမဘြာပေါမွှာ အခကခွဲဆုံးအလုပကွ ဘာလဲသိလား? ကိုယ့ကွိုယကွိုယွ ပှနပွှနပွှီး

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore