Logo

Love, Relationships

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

ချစ်တတ်ရင်တော့ အသည်းကွဲရမှာပါပဲ…

 

အသည်းပါလာရင် အသည်းတော့ ကွဲစမြဲပါပဲ။ ကြီးကြီးမားမား မကွဲရင်တောင် သေးသေးလေးတော့ ကွဲကြဖူးမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အသည်းအကြီးအကျယ် မကွဲဖူးခဲ့ပေမယ့် ကောင်မလေးတွေကလက်မခံလို့ အသည်းကွဲရတဲ့အကြိမ်ကတော့ မရည်တွက်နိုင်တော့ပါဘူး။ အသည်းကွဲသွားတဲ့အခါ ကျွန်တော်တို့ အားထားရတဲ့ ဦးနှောက်က ကျွန်တော်တို့ကိုသစ္စာဖောက်ပြီး နှလုံးသားရဲ့ စေရာကိုပဲလိုက်ပါတော့တယ်။ နောက်ဆုံးတစ်ကြိမ် အသည်းကွဲတုန်းကဆို အလုပ်လုပ်နေရင်း အလုပ်လုပ်ချင်စိတ်လည်း မရှိတော့ဘဲ သူ့ဆီကိုအပြေးသွားကာ ဘာကြောင့်ငါ့ကိုငြင်းရတာလဲဆိုတာကို မေးချင်စိတ်ကပဲကြီးစိုးနေပါတော့တယ်။ ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ၊ ငါကျမှ ဘာကြောင့်ဖြစ်ရတာလဲ၊ သူ့ကို ရဖို့ဘယ်လိုဆက်ကြိုးစားရမလဲ ဆိုတာတွေးရင်း အနာဂတ်တောင်လုံးဝပျောက်ကွယ်သွားသလိုပါပဲ။ နောက်ဆုံးမှာတော့ ဒီဝေဒနာကို ကျော်ဖြတ်ဖို့ နည်းလမ်းရှာရုံကလွဲပြီး တခြားမရှိတော့ဘူးဆိုတာကို ကျွန်တော်သဘောပေါက်လာပါတော့တယ်။ ဒါကြောင့် အခုလည်း ပျိုမေတို့အသည်းကွဲနေတယ်ဆိုရင် ဘယ်လိုအခြေအနေတွေ ကြုံရမယ်၊ ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်..

 

အဆင့် ၁။ နာကျင်ပြီး ယူကြုံးမရဖြစ်တဲ့ အချိန်တွေကို ဖြတ်ကျော်ဖို့ သတ္တိမွေးပါ။

အသည်းကွဲတဲ့အချိန်အတွင်းမှာ ပျိုမေတို့ ဘာကိုမှမမြင်နိုင်တော့ပဲ တစ်လတန်သည် နှစ်လတန်သည် အထိ ဝမ်းနည်းပူဆွေးနေမိမှာပါ။ အသည်းကွဲသွားလို့ နာကျင်ခံစားရတာ လုံးဝသဘာဝကျပါတယ်။ ဘယ်သူမဆို အဲ့ဒီအချိန်မျိုးမှာ နှလုံးသားက တဆစ်ဆစ် နာကျင်ရပါတယ်။ ဒါကြောင့် နာကျင်မှုကို အချိန်ယူပြီးကျော်ဖြတ်ပါ။ မိသားစုတွေ ၊ သူငယ်ချင်းတွေကို ဖွင့်ဟတိုင်ပင်ပါ။ ကိုယ်ဝါသနာပါရာတစ်ခုခု စလုပ်ကြည့်ပါ။ သီချင်းတွေနားထောင်ပါ။ ကိုယ်ကို သက်သာစေမယ်လို့ ထင်တဲ့ အရာတွေ အကုန်လုပ်ကြည့်ပါ။ နာကျင်မှုတွေကို အတင်းရှောင်လွှဲဖို့မကြိုးစားပါနဲ့။ ဒီနာကျင်မှုတွေက ရှောင်လွှဲလို့မရပါဘူး။ နာကျင်မှုတွေကိုရဲရဲကြီးရင်ဆိုင်ပြီးရှေ့ကိုဆက်လျှောက်ဖို့ သတ္တိမွေးပါ။ ဒါကတစ်ခုတည်းသော နည်းလမ်းပါပဲ။

 

အဆင့်၂ ။ ကိုယ်ဘာအမှားလုပ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားတာမျိုး လုံးဝမလုပ်ပါနဲ့။

အသည်းကွဲတယ်ဆိုတာ ကိုယ့်ကို သူကမကြိုက်လို့ထားခဲ့တာပါ။ သူ အမှန်တရားကို ဆုံးဖြတ်သွားတာ ဖြစ်နိုင်သလို ဆုံးဖြတ်ချက်အမှားကို ချမိသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တွေမှာ ငါက ရုပ်မချောလို့လား၊ ဉာဏ်မကောင်းလို့လား၊ မအောင်မြင်သေးလို့လား၊ ပိုက်ဆံမရှိလို့လား စတဲ့ မေးခွန်းတွေ အခါခါ မေးမိပါလိမ့်မယ်။ ခုအချိန်က ကိုယ့်ကိုယ်ကို ပြစ်တင်တာတွေရပ်ရမယ့် အချိန်ပါ။ ဒီလိုတွေးတာဟာ မှားယွင်းနေရုံသာမကဘဲ ပျိုမေတို့ရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှုကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မတွေးပါနဲ့။ ကိုယ်နဲ့ သူဟာ လက်တွဲလို့မရတဲ့သူတွေဖြစ်ရင် ဖြစ်နေမယ်။ ဒါပေမဲ့ ဒီလို လက်တွဲလို့မရတာဟာ ကိုယ့်အမှားမဟုတ်ဘူးလို့ နှလုံးသွင်းထားပါ။ ကိုယ်ရဲ့ အားသာချက်တွေ၊ ကိုယ့်ရဲ့ အစွမ်းအစတွေကိုသာ ကောင်းသည်ထက် ကောင်းလာအောင် ထက်သည်ထက် ထက်လာအောင် သွေးနေပါ။

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

အဆင့် ၃ ။ သူနဲ့ပြန်တွဲဖို့ကြိုးစားနေတာတွေရပ်လိုက်ပါ။

ဒါကလည်း ကိုယ်ကိုယ်ကို အပြစ်တင်တဲ့ စိတ်ကစပါတယ်။ ငါသာ ဒါလေး လုပ်ခဲ့ရင်၊ ငါ့မှာ ဒါလေးရှိရင် ငါတို့နှစ်ယောက် အတူရှိနေမှာပဲ။ ဒီလိုအတွေးတွေကို တော်တော်များများတွေးတတ်ကြပေမယ့် ဒါဟာ သဘာဝမကျတဲ့ စိတ်ကူးယဉ်မျှော်လင့်ချက်တွေပါပဲ။ တိမ်းစောင်းသွားခဲ့တဲ့ Relationship ကြီးကို ငါသာ ဒီလိုမောင်းနှင်ခဲ့ရင် ဒီနေ့အထိ ရှိမှာပဲဆိုတာကို ပြန်မတွေးပါနဲ့။ Relationship တွေမှာ ပျော်ရွှင်စရာတွေ ရှိနေတယ်ဆိုပေမယ့် ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ အတိတ်တွေကို ပြန်လည်မတမ်းတနေပါနဲ့။ ကိုယ်ကိုမချစ်လို့ထားသွားခဲ့တဲ့သူကို မဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပြန်လိုချင်နေမယ့်အစား ဒီလမ်းခွဲမှုဟာ အချိန်တန်လို့ ဖြစ်လာတာ၊ ကိုယ်ကောင်းဖို့ဖြစ်လာတာလို့သာ သဘောထားလိုက်ပါ။ ပြီးရင်တော့ ဒီ Relationship ကို လွတ်ရာကျွတ်ရာကို ပေးသွားလိုက်ပါတော့။

 

အဆင့် ၄။ Ex ကိုအပြစ်တင်နေတာမျိုး။

အသည်းကွဲပြီးတာနဲ့ ပျိုမေတို့ ကိုယ့် Ex အပြစ်တွေ မြင်လာပြီး ဒေါသတွေထွက်လာမိမှာပါ။ အဲ့ဒီအချိန်မှာ ကိုယ့် Ex ရဲ့အမှားတွေကိုလည်း တစ်စုတစ်ဝေးတည်း မြင်လာတတ်ပါတယ်။ ဒါပေမဲ့ အသည်းကွဲတဲ့အချိန်ကို ကောင်းကောင်းမွန်မွန်ဖြတ်ကျော်ချင်တယ်ဆိုရင် သူ့ကို အပြစ်သွားတင်နေလို့မရပါဘူး။ ဒီလို သူ့ကို အပြစ်တင်ဖို့ကြိုးစားရင်း ကြိုးစားရင်း ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိနေတာပါ။ ဒီလို Ex ကိုအပြစ်တင်ရင်းနဲ့ပဲ ကိုယ်ရဲ့ဒဏ်ရာတွေကို ပိုနက်လာအောင် လုပ်နေသလိုဖြစ်ပြီး ဂျာအေးအမေရိုက်သလို ဇာတ်လမ်းက လည်နေမှာပါ။ ကိုယ်ရဲ့ Ex ကို ဘယ်လိုလူစားလဲဆိုတာကို ဆုံးဖြတ်ပါ။ သူ့အမှားတွေကြောင့် ဒီလိုတွေ ဖြစ်လာရတာ၊ သူ့ကြောင့်ဘယ်လိုတွေ နာကျည်းခဲ့ရတာ ဒါတွေပဲ တွေးပြီး ကိုယ့်ကိုကိုယ် နှိပ်စက်မနေပါနဲ့တော့။ ဒီလိုပဲ ဒီ Relationship မှာ ကိုယ်ဘက်ကဘာတွေလိုခဲ့လဲဆိုတာ တွေးပါ။ ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး နောက် Relationship တစ်ခုကိုအကောင်းဆုံးတည်ဆောက်ပါ။ ကျွန်တော်တို့အားလုံး ရှေ့ကိုဆက်လျှောက်နေရဦးမယ် မဟုတ်လား။

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

အဆင့် ၅ ။ ကိုင်ထားတွေ အားလုံးလွှတ်ချလိုက်ပါတော့။

Relationship တိုင်း အချိန် နည်းနည်းကြာလာတာနဲ့ သံယောဇဉ် တွယ်ငြိလာပါတော့တယ်။ ဒီ Relationship ကြီး မရှိတော့တဲ့အချိန်ကျရင်တောင် ကျွန်တော်တို့ ဟာတာတာနဲ့ ကျန်နေခဲ့မှာပါ။ အရင်က သွားခဲ့ဖူးတဲ့ နေရာတွေ အလွမ်းပြေသွားရင်သွားမယ်။ ဒါမှမဟုတ် အဲ့ဒီနေရာကိုမြင်တိုင်း လွမ်းမိမယ်။

ဒီလို အတိတ်ကို တသသဖြစ်နေမယ့်အစား ပစ္စုပ္ပန်မှာ တစ်ခုခုလုပ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားရုပ်ရှင်ကြည့်တာမျိုး၊ ဒါမှမဟုတ် သင်တန်းတစ်ခုခု တက်တာမျိုး၊ အားကစားတစ်ခုခု စလေ့ကျင့်တာမျိုး စတဲ့ အလေ့အကျင့်အသစ်တွေနဲ့အစားထိုးကြည့်ပါ။ ဒီလို အသစ်အဆန်းတွေ စလုပ်တာနဲ့ Ex ကို သတိရတဲ့စိတ်တွေ တစ်ဖြည်းဖြည်းလျှော့သွားမှာပါ။

 

အသည်းကွဲတယ်ဆိုတာ နာကျင်ရပါတယ်။ ဒါပေမဲ့ အသည်းကွဲတာက ကျွန်တော်တို့ကိုပုံသွင်းပေးပါတယ်။ ဒီလို နာကျင်မှုမျိုးကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ပြီဆိုတာနဲ့ အနာဂတ်အချစ်သစ်နဲ့လည်း ပိုကောင်းတဲ့ Relationship တွေကိုတည်ဆောက်လာနိုင်မှာပါ။ အသည်းကွဲတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အကျင့်တွေကို ပြန်လည်ဆန်းစစ်ဖို့အကောင်းဆုံးအချိန်ဖြစ်သလို လက်တွဲဖော်ကို ဆန်းစစ်ဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ Relationship ဟောင်းကနေ သင်ခန်းစာတွေ အတွေ့အကြုံတွေ ရပြီဆိုတာနဲ့ ပိုပိုပြီးကောင်းမွန်တဲ့ Relationship နဲ့ ပိုပြီးကောင်းမွန်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ထုတ်နိုင်လာပါလိမ့်မယ်…

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

ဟင့အွငွး စိတညွဈနမယေ့အွစား ကိုယကွတော့ ဒရာမာဇုနထွဲကနပေဲ ပှေးထှကပွဈလိုကမွယွ… ကမဘြာပေါမွှာ အခကခွဲဆုံးအလုပကွ ဘာလဲသိလား? ကိုယ့ကွိုယကွိုယွ ပှနပွှနပွှီး

Read More »
မိန်းကလေးတွေ အမုန်းဆုံးစကား (၅)ခွန်း

မိန်းကလေးတွေ အမုန်းဆုံးစကား (၅)ခွန်း

မိန်းကလေးတွေ အမုန်းဆုံး စကား(၅)ခွန်း   မိန်းကလေးတွေက မျက်နှာအလှဖို့တဲ့ မိတ်ကပ်ထက် စကားလုံးအလှဖို့တဲ့ စိတ်ဓာတ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။

Read More »
နောက်ကျတတ်တဲ့လူတွေပေးတတ်တဲ့ဆင်ခြေများ

နောက်ကျတတ်တဲ့လူတွေပေးတတ်တဲ့ဆင်ခြေများ

ချိန်းတိုင်းနောက်ကျသူတို့ရဲ့ လက်စွဲဆင်ခြေစကားများ   တွေ့မယ်လို့ ချိန်းလိုက်တိုင်း နောက်ကျတတ်တဲ့ သူငယ်ချင်းတစ်ယောက်အမြဲပါမှာပါ။ နောက်ကျတယ်ဆိုတာလည်း တော်ရုံတန်ရုံစကေးနဲ့မရဘူးနော်။ အဆဲခံရမှာဆိုးလို့

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore