Logo

Beauty, Featured

မျက်တောင်မွေး ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ။

How do you maintain long-lasting eyelashes?

ဆက်ထားတဲ့မျက်တောင်လေးတွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

 

ကဲ ယောင်းလေးတို့ရေ အခုတလော မျက်တောင်ဆက်တာကလည်း ခေတ်တော်တော်စားလာတယ်ဆိုတော့ တို့ယောင်းယောင်းလေးတွေလည်း လုပ်ထားကြမယ်ထင်တယ်။ လှချင်တော့လည်း ခက်သားလားနော်.. မျက်တောင်ဆက်ပြီးကာမှ မခံတာတွေ၊ မြန်မြန်ကျွတ်သွားတာတွေဖြစ်တော့လည်း စိတ်ညစ်ရရော.. ဒါကြောင့် မျက်တောင်ဆက်ပြီးတဲ့အခါ ဘယ်လိုတာရှည်ခံအောင်ထားမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အက်မင်ကမျှဝေပေးသွားပါမယ်နော်။

 

(၁) အိပ်တဲ့အခါ ပက်လက်အိပ်ပါ။

ကြားရတာ ထူးဆန်းနေပေမယ့် အိပ်တဲ့အနေအထားကလည်း အရေးကြီးပါတယ်။ မျက်တောင်တုဆက်ထားတဲ့ ကော်တွေ ကောင်းကောင်းခြောက်ဖို့ လိုအပ်တာမို့ ဘေးတစောင်းအိပ်မယ့်အစား ပက်လက်အိပ်စေချင်ပါတယ်။ မဟုတ်ရင် မျက်တောင်တွေ ကြည့်မကောင်းလောက်အောင် ကောက်ကွေးသွားနိုင်ပါတယ်။ တစ်ည (သို့) နှစ်ညလောက် ကြာသွားရင်တော့ ပုံမှန်အတိုင်း သက်တောင့်သက်သာ အိပ်လို့ရပါပြီ။

 

(၂) ရေနဲ့မထိပါစေနဲ့။

မျက်တောင်ဆက်ပြီးခါစ (၄၈) နာရီအတွင်းဆို ဆက်ထားတဲ့ကော်က လိုက်ကပ်နေဆဲမို့ ရေ / ရေနွေးမထိပါစေနဲ့နော် ယောင်းတို့ရေ။ ဘာလို့ဆို (၄၈)နာရီအတွင်း ထိခဲ့မယ်ဆိုရင် ပုံမှန်ထက်စောပြီး မျက်တောင်လေးတွေ ကျွတ်တတ်ပါတယ်။ ရေကတော့ ချိုးလို့ရပါတယ်။ ဒါပေမဲ့ ရေကို ခေါင်းလောင်းချိုးတာမျိုး မချိုးမိပါစေနဲ့။ ဘာပဲဖြစ်ဖြစ်ပါ မျက်လုံးမပွတ်မိပါစေနဲ့နော်။

မျက်တောင်မွေး ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ။

(၃) မျက်လုံးမိတ်ကပ်ဖျက်တဲ့အခါ သတိထားပါ။

မျက်လုံးမိတ်ကပ်ဖျက်တဲ့အခါမှာ ပုံမှန်ဖျက်နေသလို မျက်ခွံပေါ်တင်ပြီး အားရပါးရ ဖျက်တာမျိုးတွေ မလုပ်သင့်တော့ဘူးနော် ယောင်းယောင်း။ ဖြည်းဖြည်းညင်ညင်သာသာလေးနဲ့ မျက်လုံးမိတ်ကပ်တွေကို ဖျက်ပေးပါ။ မဟုတ်ရင် ဆက်ထားတဲ့ မျက်တောင်တွေ ပြုတ်နိုင်သလို ရှုပ်သွားတာမျိးလည်း ဖြစ်သွားနိုင်ပါတယ် ယောင်းတို့ရေ။ ပြီးတော့ ဖျက်ဆေးသုံးတဲ့အခါမှာလည်း Oil Free (အဆီမပါဝင်တဲ့) ဖျက်ဆေးမျိုးရွေးသုံးပေးပါ။

 

(၄) မျက်တောင်လေးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

အခြောက်တိုင်းထားရင် မျက်တောင်ဆက်ထားတာလေးတွေ ပိုခံတတ်တယ်လို့ ထင်ကြတယ်ဟုတ်။ ဒါပေမဲ့ ဆီလေး နည်းနည်းဆွတ်ပြီးထားရင်တော့ ပိုပြီးတာရှည်ခံတတ်ပါတယ်။ (အများကြီးတော့ မထည့်နဲ့နော်) Baby Oil တစ်စက်လောက်ကို လက်ချောင်းလေးတွေနဲ့ ယူပြီး ခပ်ဖွဖွလိမ်းပေးပါ။ ဆီလိမ်းပြီးရင် မျက်တောင်ဖြီးတဲ့ အတံလေးနဲ့ မျက်တောင်လေးတွေကို ဖြီးပေးပါ။ မနက် အိပ်ရာနိုးတစ်ခေါက် ညအိပ်ရာဝင်ခါနီး တစ်ခေါက် ဖြီးပေးပါ။

How do you maintain long-lasting eyelashes?

ဒါတွေအားလုံးအပြီး အက်မင်က အပိုဆောင်းလို့ ထပ်ထည့်ပေးချင်တဲ့ အချက်တစ်ချက်ကတော့ မျက်တောင်ဆက်ထားတာလေး အမြဲလှနေစေချင်တယ်ဆိုရင် ၂ပတ်-၃ပတ် တစ်ခါလောက် မျက်တောင်လေးတွေ သွားစိုက်ဖို့ မမေ့ပါနဲ့လို့ပဲ မှာချင်ပါတယ်နော်။ နို့မို့ဆို ကျိုးတို့ကြဲတဲဖြစ်နေတယ်ဆိုရင် လှနေမှာ မဟုတ်ဘူးနော်

 

ယောင်းလေးတို့ အမြဲ လှပနိုင်ကြပါစေကွယ်

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

10 things to experience in your relationship

Relationship တစ်ခုမှာကြုံတွေ့လေ့ရှိသည့် ပုံမှန်အရာ (၁၀)ခု

Relationship တစ်ခုဆိုတာအချိန်ကြာလာတဲ့အမျှ ဆက်ပြီးလက်တွဲထားရမလား စဉ်းစားဖို့ပိုခက်ခဲလာပါတယ်။   အရာရာတိုင်းကတော့သင်ထင်သလိုမချောမွေ့နိုင်ပါဘူး။   မဖြစ်မနေကြုံတွေ့ရမဲ့အခက်အခဲလေးတွေရှိသလို သာမန်အားဖြင့်ရင်ဆိုင်ရမဲ့အချက်လေးတွေလည်းသိထားမယ်ဆိုရင်တော့ပိုပြီးလွယ်ကူသွားမှာဖြစ်ပါတယ်။  

Read More »
သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးတိုးမှာပူစရာမလိုတဲ့ နို့စိမ်းအုန်းနို့ခေါက်ဆွဲချက်နည်း   ယောင်းတို့ရေ.. မြန်မာရိုးရာမုန့် တော်တော်များများက အုန်းနို့ကို အသုံးများတော့ သွေးတိုးရှိတဲ့သူတွေမှာ မြင်သာမြင်ရ

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore