Beginner တွေခုမှမိတ်ကပ်စပြင်မဲ့သူတွေအတွက်မျက်ခုံးမွှေးဆွဲတာက ခက်ခဲနိုင်ပါတယ်။
မညီညာတာ၊ပုံမကျတာ၊အထူအပါးမညီတာ၊ မျက်ခုံးမွှေးရိတ်တာလွန်သွားတာတွေကြံဖူးမှာပါ။
စိတ်မပူပါနဲ့တော့ ညီညာသပ်ရပ်ပြီးပုံကျတဲ့မျက်ခုံးမွှေးတစ်စုံအတွက် အချက်လေးတွေမျှဝေပါတော့မယ်။
တုံးနေတဲ့မျက်ခုံးမွှေးတံ နဲ့တစ်ချက်တည်းမဆွဲပဲနဲ့ ချွန်ပြီးသေးတဲ့မျက်ခုံးမွှေးဆွဲတဲ့စုတ်တံနဲ့နဲ့ အမျှင်ပုံစံလေးတွေရအောင် မျက်ခုံးမွှေးပေါက်တဲ့လားရာအတိုင်းဆွဲရပါမယ်။ Anastasia Beverly Hills Brow Powder Duo ကိုသင့်လျော်သလိုbrushနဲ့ဆွဲနိုင်ပါတယ်။
ဆံပင်အရောင်နဲ့လိုက်ဖက်မဲ့ မျက်ခုံးမွှေး အရောင်ကိုရွေးချယ်ပါ။ Maybelline New York Brow Ultra Slim Defining Eyebrow Pencil မှာ ရွှေရောင်ဆံပင်ဖျော့ကနေစလို့ ဆံပင်အနက်ရောင်ထိအတွက်လိုက်ဖက်မဲ့ အရောင်အစုံလင်ရှိပါတယ်။
မျက်ခုံးပေါ်မှာ နဂိုမူလမျက်ခုံးမွှေးအရွယ်အစားအလိုက် ခပ်ပြေပြေ အက္ခရာ X ကိုဆွဲပြီး လိုအပ်တဲ့နေရာတွေမှာလိုက်ဖြည့်နိုင်ပါတယ်။
ပိုတိကျတဲ့မျက်ခုံးမွှေးပုံစံပေါ်ဖို့နဲ့ ပေါ်လွင်ဖို့ မျက်ခုံးအောက်ဘက်မှာ highlighter သုံးကြပါတယ်။ဒါပေမဲ့ များသွားရင်အဆင်မပြေနိုင်ဝာာကြောင့် highlighter အစား မိမိအသားအရောင်ထက် တစ်ဆင့်ပိုလင်းတဲ့ concealerအစားထိုးပြီးသုံးနိုင်ပါတယ်။ productအနေနဲ့တော့ skintone အလိုက်ရွေးချယ်စရာအစုံရှိတဲ့ Fenty Beauty by Rihanna Pro Filt’r Instant Retouch Concealer သုံးနိုင်ပါတယ်။
မျက်ခုံးမွှေးဆွဲတဲ့နေရာမှာ အလယ်ကနေစဆွဲပါ။ အစပိုင်းကနေစဆွဲလိုက်ရင် ထူထူးပြီးဖြစ်မနေရအောင် အလယ်ကနေ တိကျတဲ့ wing ဆွဲပြီး အရှေ့ဘက်ကိုလိုအပ်သလိုဖြည့်နိုင်ပါတယ်။
လောဘကြီးပြီးအထူကြီးမဆွဲပါနဲ့။စိတ်တိုနေတဲ့အမျိုးသမီးပုံစံပေါက်နေနိုင်ပါတယ်။ ဖြေးဖြေးချင်းဖျော့ရာကနေရင့်တဲ့အထိချိန်ပြီးဆွဲရင်းနဲ့ လက်ဆလည်းပိုတက်လာပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ အိမ်မှာအစမ်းဆွဲဖို့အဆင်သင့်ဖြစ်လောက်ပြီထင်ပါတယ်နော်။
တခြားbeauty tipsတွေလည်းမျှဝေဦးမှာမို့ like and followလုပ်ထားပေးပါ