Logo

Food

ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

ဒီဟင်းချိုလေးနဲ့ဆို ခံတွင်းလိုက်မှာ ကျိန်းသေနေပြီလေ…

 

ယောင်းရေ.. ကြက်ဟင်းခါးသီးလို့ မြင်လိုက်တာနဲ့ ဘယ်လိုပုံစံလေး ချက်စားလို့ရတယ်လို့ အရင်ဆုံး ပြေးမြင်မိလဲဟင်။ ခိုင်ဇာမှန်းတာ မမှားဘူးဆိုရင် ယောင်းလေးတို့ ကြက်ဟင်းခါးသီးကြော်ကို ပြေးမြင်ကြလိမ့်မယ် ထင်ပါရဲ့။

ကြက်ဟင်းခါးသီးရဲ့ သဘာဝအရသာက ခါးသက်သက်လေးရှိတာကြောင့် ခိုင်ဇာတို့တွေ အိမ်မှာ ကြော်စားမယ်ဆိုရင် ကြက်ဟင်းခါးသီးကို အခါးသက်သာအောင် ဆားရည်လေးနဲ့စိမ်၊ ပုစွန်ခြောက်လေးထောင်း၊ ကြက်သွန်လေးဆီသတ်ပြီး ကြော်စားကြလေ့ရှိပါတယ်။ အရသာလေးကလည်း ခပ်ဆိမ့်ဆိမ့် ခါးသက်သက်လေးနဲ့ စားလို့ကောင်းတာကြောင့် ကြက်ဟင်းခါးသီးကြော်ဟာ နာမည်ကြီး မြန်မာဟင်းတွေထဲမှာ အပါအဝင်ပါပဲ။ပြီးတော့ ကြက်ဟင်းခါးသီးလေးက ဆေးဘက်လည်း ဝင်သေးတယ်တဲ့ ယောင်းရေ။

ကြက်ဟင်းခါးသီးရဲ့ အခါးဓာတ်ဟာ သွေးချို ၊ ဆီးချိုရောဂါအတွက် ကောင်းသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin A ၊ B1 ၊ B2 ၊ B3 ၊ Vitamin Cနဲ့ သံဓာတ်စတဲ့ အဖိုးတန်အာဟာရဓာတ်တွေ ပါဝင်ပါသေးတယ်။ဒီလိုဆေးဘက်ဝင်တဲ့ ကြက်ဟင်းခါးသီးလေးကို ကြော်စားတာအပြင် ဝက်နံရိုးလေးနဲ့ ထိုင်းစတိုင် အရည်သောက်ပုံစံလေးဆိုရင်ရော စိတ်ဝင်စားကြမလား ယောင်းတို့… စိတ်မဝင်စားလည်း ပြောပြမှာပဲ မရပူး

 

ဒီဟင်းရည်လေး ချက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်နံရိုး – ၅၀ ကျပ်သား

ကြက်ဟင်းခါးသီး – ၃ လုံး

ရေ တစ်လီတာ ဝန်းကျင်

ကြက်သွန်ဖြူ – ၄ မွှာ

ဆားအနည်းငယ်

ငရုတ်ကောင်း အနည်းငယ်

ကြက်သားမှုန့် အနည်းငယ် တို့ ဖြစ်ပါတယ် ယောင်းတို့ရေ…

 

ပြုလုပ်နည်းလေးကတော့…

ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

ဈေးကဝယ်လာတဲ့ ဝက်နံရိုးလေးတွေကို အနေတော်အရွယ်အစားလေးတွေ ခုတ်ထစ်ပြီး သန့်စင်ထားပါ။ ကြက်ဟင်းခါးသီးတွေကိုတော့ အစေ့ထုတ်ပြီး သင့်တော်သလို လှီးပြီး ဆားရည်နဲ့ ၁၀ မိနစ်ခန့် စိမ်ထားပါ။ (အခါးလျော့သွားအောင်ပေါ့.. ထုံးစံအတိုင်း)

ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

အိုးထဲကိုရေတစ်လီတာ ဝန်းကျင်လောက် ထည့်ပြီး ဝက်နံရိုးနဲ့အတူ ကြက်သွန်ဖြူကိုပါ တစ်ခါတည်း ထည့်ပြုတ်ပေးပါ။ ဆူလာတဲ့အချိန် အမြှုပ်လေးတွေ ထလာရင်တော့ ခပ်ထုတ်ပေးပါနော်။

 

ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြက်ဟင်းခါးသီးတွေကို ဆားရည်ထဲက ဆယ်ပြီး ဝက်နံရိုး ပြုတ်အိုးထဲကို ထည့်ပါ။ ပြီးရင်တော့ ကြက်သားမှုန့် အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ဆားအနည်းငယ် ထည့်ပါ။ ကြက်ဟင်းခါးသီးလေးတွေ နူးလာပြီဆိုရင်တော့ အရသာရှိပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချို သုံးဆောင်နိုင်ပါပြီ…

ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

ကဲ..လွယ်တယ်မလား… ခက်ခက်ခဲခဲဆိုလို့ ဘာမှကို မပါဘူးနော်… ဒါဆို အိမ်မှာ ချက်စားကြည့်ပြီး စားလို့ ကောင်းမကောင်းလည်း ပြန်ပြောဖို့ မမေ့ပါနဲ့ဦးလို့…

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

ကျွန်မတို့မိန်းကလေးတွေက ယေဘုယျအားဖြင့် အစားအသောက်မက်ကြပါတယ်။ အစားကြီးတယ်လို့မဆိုလိုဘူးနော်။ အရသာ အမျိုးစုံလင်အောင်စားဖူးချင်ကြတာပါ။ လမ်းမှာ ပြောင်းဖူးပြုတ်လေး မတွေ့လိုက်နဲ့ စားချင်ပြီ။

Read More »
ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

ဝိတတွော့ကခှငှပွါရဲ့… မစားဘဲလညွး မနနေိုငဘွူးဆိုတဲ့ ယောငွးတို့အတှကွ…  ယောငွးတို့ရေ … ခုခတွကှေီးမှာ ကှီးကှီးငယငွယမွရှေး Gym ဆော့ကှ၊

Read More »
ကိုယ်ခန္ဓာကျန်းမာစေရန် သင်စားသင့်သောအစားအစာများ

ကိုယ်ခန္ဓာကျန်းမာစေရန် သင်စားသင့်သောအစားအစာများ

စားချင်လို့မဟုတ်ပါဘူး.. ကျန်းမာအောင်စားပေးရမှာ   “အာရောဂျံပရမံလာဘံ ” ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါတဲ့ ယောင်းရေ.. ကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာပါ..

Read More »
Diet လုပ်ရင် Mood Swing ဖြစ်တာကိုနှုတ်ဆက်လိုက်ရအောင်

Diet လုပ်ရင် Mood Swing ဖြစ်တာကိုနှုတ်ဆက်လိုက်ရအောင်

Diet Mood Swing ဆိုတာဘာလဲ ⁠ အချို့အဝလွန်သူတွေ ရှိသင့်တဲ့အလေးချိန်ထက်ကျော်နေတဲ့သူတွေပဲ ဒီလိုခံစားချက်မျိူးကိုကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ ပတ်ဝန်းကျင်ကလူတစ်ယောက်က pizza

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore