ကျွန်မတို့မိန်းကလေးတွေက ယေဘုယျအားဖြင့် အစားအသောက်မက်ကြပါတယ်။ အစားကြီးတယ်လို့မဆိုလိုဘူးနော်။ အရသာ အမျိုးစုံလင်အောင်စားဖူးချင်ကြတာပါ။ လမ်းမှာ ပြောင်းဖူးပြုတ်လေး မတွေ့လိုက်နဲ့ စားချင်ပြီ။ ရှောက်သီးသုပ်လေးမတွေ့လိုက်နဲ့ စားချင်ပြီ။ တစ်ယောက်တည်းဆိုရင်တော့ လက်မနှေးပဲ ဝယ်စားကြပေမယ့် ကိုယ့်ချစ်သူ ဘေးမှာပါလာရင်တော့လည်း ပူဆာကြတော့တာပေါ့။ ယောက်ျားလေးအများစုကတော့ ဒီလို အခြေအနေမျိုးမှာ မတွန့်တိုပဲ ဝယ်ကျွေးတတ်ကြပေမယ့် တစ်ချို့ကျတော့ “စားပဲစားနိုင်လွန်းတယ်”လို့ စိတ်ထဲထင်ကောင်းထင်လာနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်စေရအောင် ဒီစာလေးကိုဖတ်ပြီး သက်ဆိုင်သူ ကိုကိုတွေ သိရအောင် မျှဝေပေးလို့ရတယ်နော်။
အစားအသောက်ကြိုက်ပေမယ့် သင်ချစ်ရသူ ကိုကိုက တစ်ချိန်လုံး “အစားပုပ်တယ်” “ဝက်ကလေး” လို့ပြောလာပြီဆိုရင်တော့ ဒီဆောင်းပါးလေးဟာ သင့်ကိုကိုအတွက်ပါ။
၁။ရှင်နဲ့ အစားကလွဲလို့။
အခုလို စနိုက်ကြော် ခြံခုန်တွေပေါနေချိန်မှာ အစားခရေဇီ ကျွန်မတို့တွေကတော့ အစားမှ အစားပါပဲ။ သစ္စာဖောက်ပြီး တစ်ခြားသူပြောင်းချစ်မှာကြောက်လို့လား။ အမေလေး ပူမနေပါနဲ့။ ရှင်နဲ့ အစားကလွဲရင် ကျွန်မတို့ကတော့ နိုးပါ။
၂။ များများ မတောင်းဆိုပါဘူး။
ကျွန်မက အစားတစ်လိုင်းပါမောင်။ စားစရာကလွဲလို့ ရှင့်ဆီက တန်ဖိုးကြီးပစ္စည်းတွေ မပူဆာတတ်သူပါမောင်။ ကဏန်းချဉ်စပ်နဲ့ ပန်းစည်းဆို ကဏန်းချဉ်စပ်ပဲရွေးမှာပါမောင်။မောင်ဒါကိုတော့ နားလည်ပေးသင့်တယ်။
၃။ရိုမန်တစ်ပိုဆန်။
ကျွန်မတို့ စားနေသောက်နေတဲ့အခါ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ။ ပါးစပ်ထဲ မုန့်ပလုပ်ပလောင်းလေးနဲ့ မောင့်ကိုလှမ်းစကားပြောလို့။ အို..ရိုမန်တစ် ဆန်လိုက်တာနော်။
၄။နားငြီးသက်သာ။
ရှင့်ကို လိုက်မချုပ်ခြယ်ပါဘူး။ သဝန်လည်းမတိုတတ်ပါဘူး။ဟိုကိစ္စဒီကိစ္စ နားပူနာဆာ ပါးစပ်ကလည်း ပူညံပူညံမလုပ်တတ်ပါဘူး(စားနေတာကိုး)။ကျွန်မလို အစားမက်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ပေးလို့ ရှင့်ကို ကျေးဇူးတောင်တင်ရဦးမှာ။ ဒါပေမယ့် မုန့်တော့ဝယ်ကျွေးနော်။
၅။ပျော်ရွှင်စရာ အမှတ်တရလေးတွေ။
သူများအတွဲတွေလို ပန်းခြံထဲချစ်ရိပ်ခိုလှုံတာထက် ရှင့်ကို အတင်းပူဆာပြီး မုန့်ဆိုင်ထဲဆွဲခေါ်ရတဲ့ အချိန်လေးတွေက အမြဲလိုလိုအမှတ်ရစေပါတယ်။ မဟုတ်ဘူးမငြင်းနဲ့။ ရှင်လဲ အဲ့ဒီ့တုန်းက အခိုက်အတန့်လေးတွေ အဖြစ်အပျက်လေးတွေကို တွေးမိတိုင်း ရယ်ချင်တယ်တော့လုပ်လိုက်။
နောက်ဆုံးအနေနဲ့ ကျွန်မတစ်ခုပဲ ပြောချင်တယ်။ဘယ်လောက်ပဲ အစားအသောက်မက်နေပါစေ။ရှင်နဲ့ အစားအသောက်ဆိုရင်တော့ “ဒိုးလိုက်တော့ပဲ ဂဏန်းချဉ်စပ်”။