Logo

Food, Featured

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးတိုးမှာပူစရာမလိုတဲ့ နို့စိမ်းအုန်းနို့ခေါက်ဆွဲချက်နည်း

 

ယောင်းတို့ရေ.. မြန်မာရိုးရာမုန့် တော်တော်များများက အုန်းနို့ကို အသုံးများတော့ သွေးတိုးရှိတဲ့သူတွေမှာ မြင်သာမြင်ရ မကြင်ရတဲ့ ဘဝမျိုးတွေ..  မင်မင်ဆို အုန်းနို့ခေါက်ဆွဲအရမ်းကြိုက်ရဲ့နဲ့ သွေးတိုးမှာကြောက်လို့ မစားရအညှော်ခံဖြစ်ခဲ့ရပေါင်းလည်း မနည်းဘူးရယ်။ စားကလည်းစားချင်သေး၊ သွေးတိုးမှာလည်း ကြောက်နေရတော့ အုန်းနို့အစားထိုး နို့စိမ်းလေးနဲ့ စမ်းပြီးချက်စားကြည့်တာ အားပါးပါး ကောင်းမှကောင်းပဲ။ယောင်းတို့ကို ချက်ကျွေးဖို့အခြေအနေမပေးသေးပေမဲ့ ချက်နည်းလေးတော့ ဝေမျှပေးလိုက်ပါတယ်နော်.. အက်ဒ်မင် လိုင်းပေါ်ကနေ ချက်ကျွေးတယ်လို့ သဘောထားပြီး ဖတ်ကြည့်ကြပါလို့

 

နို့စိမ်းခေါက်ဆွဲချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ –

ခေါက်ဆွဲ (၅၀)ကျပ်သား
ပဲအစိမ်းမှုန့် (၂၀)ကျပ်သား
ကြက်သား (၂၀)ကျပ်သား
နို့စိမ်း(၁)ဘူး
ကြက်သွန်နီ (၅)လုံး
ကြက်သွန်ဖြူ (၅)မွှာ
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
ငံပြာရည် ထမင်းစားဇွန်း(၂)ဇွန်း

 

ပြုလုပ်ပုံကတော့-

၁-ကြက်သားကို ခပ်သေးသေးအတုံးလေးတွေတုံးပြီး ကြက်သားမှုန့် ၊ နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်း ရောထည့် ၊ သမအောင်နယ်ပြီးနှပ်ထားပါ။

၂-ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထောင်းပြီး ၊ ငရုတ်သီးအစိမ်းမှုန့်နဲ့ရော ၊ ဆီ ဟင်းခပ်ဇွန်း(၂)ဇွန်းစာ ထည့်ထားတဲ့ ဒယ်အိုးထဲမှာ ဆီမွှေးသတ်ပေးပါ။

၃-ငရုတ်သီးအရောင် နီညိုရောင်သမ်းလာပြီဆိုရင်တော့ နှပ်ထားတဲ့ကြက်သားတွေကို ရောထည့်ပြီး ၊ ငံပြာရည်ထည့် ၊ ရေမြှုပ်အောင်ထည့်ပြီး တစ်ရေခမ်းသွားတဲ့အထိ ချက်ပေးပါ။

၄-ကြက်သားအိုးချက်နေချိန်မှာ ပဲအစိမ်းမှုန့်ကို ရေနို့ဆီဘူး(၃)ဘူးစာလောက်နဲ့ ဖျော်ပြီး အိုးတစ်အိုးထဲ ထည့်ကာ ပဲအနံ့သင်းလာတဲ့အထိကျိုပေးပါ။ (အိုးမကပ်အောင် အဆက်မပြတ်ဖြည်းဖြည်းချင်းမွှေပေးရပါမယ်)

၅-ကြက်သားတစ်ရေခမ်းချိန်မှာ နို့စိမ်းတစ်ဘူးလုံးထည့်ချက်ပြီး နို့စိမ်းရဲ့အစိမ်းအနံ့ပျောက်တဲ့အထိ ချက်ပေးပါ။

၆-နို့စိမ်းနဲ့ကြက်သားပေါင်းစပ်ပြီး အနံ့မွှေးမွှေးလေးဖြစ်လာပြီဆိုရင်တော့ ပဲစိမ်းမှုန့်ကျိုထားတဲ့အိုးထဲ ထည့်ချက်ပေးပါ။

၇-ပွက်ပွက်ဆူလာတဲ့အခါမှာတော့ အရသာမြည်းကြည့်ပြီး အပေါ့အငံစိတ်ကြိုက်ပြုင်နိုင်ပါတယ်။

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

ဒါဆိုရင်တော့ ခေါက်ဆွဲ ၊ အကြော် ၊ ပဲသွေး ၊ ငါးဖယ်တို့နဲ့ တွဲဖက်စားနိုင်မယ့် အုန်းနို့အစားထိုး နို့စိမ်းဟင်းရည် ရရှိပါပြီ။ လုပ်ရတာလွယ်ကူသလို သွေးတိုးမှာလည်းမကြောက်ရတဲ့ နို့စိမ်းခေါက်ဆွဲမို့ ယောင်းတို့သဘောကျလိမ့်မယ်ထင်ပါတယ်။ ဆိမ့်ဆိမ့်လေးနဲ့ မွှေးမွှေးလေးမို့ ခံတွင်းတွေ့မှာအသေအချာပါပဲ။

 

နောက်ထပ် ဘယ်လိုချက်နည်းလေးတွေ မျှဝေပေးမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

10 things to experience in your relationship

Relationship တစ်ခုမှာကြုံတွေ့လေ့ရှိသည့် ပုံမှန်အရာ (၁၀)ခု

Relationship တစ်ခုဆိုတာအချိန်ကြာလာတဲ့အမျှ ဆက်ပြီးလက်တွဲထားရမလား စဉ်းစားဖို့ပိုခက်ခဲလာပါတယ်။   အရာရာတိုင်းကတော့သင်ထင်သလိုမချောမွေ့နိုင်ပါဘူး။   မဖြစ်မနေကြုံတွေ့ရမဲ့အခက်အခဲလေးတွေရှိသလို သာမန်အားဖြင့်ရင်ဆိုင်ရမဲ့အချက်လေးတွေလည်းသိထားမယ်ဆိုရင်တော့ပိုပြီးလွယ်ကူသွားမှာဖြစ်ပါတယ်။  

Read More »
How do you maintain long-lasting eyelashes?

မျက်တောင်မွေး ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ။

ဆက်ထားတဲ့မျက်တောင်လေးတွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမလဲ   ကဲ ယောင်းလေးတို့ရေ အခုတလော မျက်တောင်ဆက်တာကလည်း ခေတ်တော်တော်စားလာတယ်ဆိုတော့ တို့ယောင်းယောင်းလေးတွေလည်း

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore