Logo

Fashion

ခပ်ဟော့ဟော့အင်္ကျီတွေနဲ့လိုက်ဖက်ညီတဲ့ ဘရာအမျိုးအစား (၃) မျိုး

ခပ်ဟော့ဟော့အင်္ကျီတွေနဲ့လိုက်ဖက်ညီတဲ့ ဘရာအမျိုးအစား (၃) မျိုး

ဘယ်လောက်ဟော့တဲ့အင်္ကျီဝတ်ဝတ် ဘရာအရွေးမှားရင်တော့ ဂွမ်းနေဦးမှာပဲနော်

 

ယောင်းတို့ရေ … အင်္ကျီလှလှလေးတစ်ထည်ကို ဝတ်ချင်ပေမဲ့ ကိုက်ညီတဲ့ဘရာမရှိလို့ စိတ်ညစ်ရတာတွေ ကြုံဖူးကြလား ? အရာတွေထင်နေတာ၊ ကြိုးတွေပေါ်နေတာ၊ ကျောဗြောင်အင်္ကျီတွေဝတ်ရင် အနောက်မှာဘရာကိုမြင်နေရတာစသဖြင့် မျိုးစုံကြိုးခုန်နေတာပါပဲ။ Stella ကိုယ်တိုင်လည်း အဲ့ဒီပြဿနာနဲ့တော်တော်တိုင်ပတ်လို့ ဘာလုပ်ရမလဲ အဖြေရှာတဲ့အခါမှာ သိလာတာမှန်သမျှအကုန်လုံး ယောင်းတို့ကို ဖောက်သည်ချပေးပါဦးမယ်။

 

U-Plunge Bra

တစ်ချို့လည်ပင်းအဟိုက်အင်္ကျီတွေက တော်တော်ကြီးကိုဟိုက်တာမျိုးယောင်းတို့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဆယ်လီဘရစ်တီတွေ အဲ့လိုအင်္ကျီမျိုးဝတ်တာမြင်တော့ ဟယ် သူတို့ကျတော့ ဘာဘရာကြိုးမှလဲ မမြင်ရဘူးဆိုပြီး ရှာဖွေကြည့်တော့မှ အလယ်မှာ U ပုံစံရှိတဲ့ ဘရာလေးတွေနဲ့ ဝတ်ရမှန်းသိတာပါ။ ဒီလိုဘရာမျိုးတွေ့ရင်တော့ ဝယ်သာဝယ်လိုက်ပါနော်။

ခပ်ဟော့ဟော့အင်္ကျီတွေနဲ့လိုက်ဖက်ညီတဲ့ ဘရာအမျိုးအစား (၃) မျိုး

 

Strapless Bra

ရင်ပြတ်အင်္ကျီတွေ၊ Off Shoulder အင်္ကျီတွေနဲ့ ကြိုးတစ်ချောင်းအင်္ကျီတွေ ဝတ်တဲ့အခါ ဘရာကြိုးတွေပေါ်နေရင်ဘယ်လိုမှ ကြည့်မလှပါဘူး။ အဲ့လိုအင်္ကျီတွေအတွက် ယောင်းမှာရှိသင့်တာကတော့ Strapless Bra ပါ။ Strapless Bra တွေမှာ ကြိုးလုံးဝမပါဘဲ ယောင်းရဲ့ခန္ဓာကိုယ်မှာ တစ်သားတည်းကျနေစေတာမို့ ကျွတ်ကျမှာတွေဘာတွေလည်း စိတ်ပူစရာမလိုပါဘူး။

ခပ်ဟော့ဟော့အင်္ကျီတွေနဲ့လိုက်ဖက်ညီတဲ့ ဘရာအမျိုးအစား (၃) မျိုး

 

Invisible Bra

ကျောပြောင်အင်္ကျီတွေ ဝတ်တော့မယ်ဆိုရင် နောက်ကျောမှာ ဘရာအပြားလိုက်ကြီးပေါ်နေလို့ ကိုယ့်ရဲ့နောက်ကျောအလှကို မဖော်ပြနိုင်ဘဲ အပေါ်ကထပ်ဝတ်ရတာမျိုး၊ တစ်ခါတစ်လေကိုယ်ဝတ်ချင်တဲ့ အင်္ကျီလှလှလေးကိုတောင် ဗီရိုထဲပြန်သိမ်းလိုက်ရတာမျိုးရှိတယ်မှတ်လား ? Invisible bra နဲ့သာဆိုရင် ဒါတွေလုံးဝဖြစ်မလာတော့ပါဘူး။ Invisible bra တော်တော်များများက ကပ်ခွာပုံစံဖြစ်ပြီး ယောင်းရဲ့ရင်သားမှာကပ်နေမှာဖြစ်လို့ လုံးဝမကွာကျပါဘူး။

ခပ်ဟော့ဟော့အင်္ကျီတွေနဲ့လိုက်ဖက်ညီတဲ့ ဘရာအမျိုးအစား (၃) မျိုး

 

ခပ်ဟော့ဟော့အဝတ်အစားနဲ့ လိုက်ဖက်မှုရှိတဲ့ဘရာတွေ ရွေးချယ်ဝတ်ဆင်ပြီး အမြဲယုံကြည်မှုရှိရှိလှနိုင်ကြပါစေနော်။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

သင့်အတွက် ပြီးပြည့်စုံတဲ့အိတ် ဘယ်လိုရှာရမလဲ

သင့်အတွက် ပြီးပြည့်စုံတဲ့အိတ် ဘယ်လိုရှာရမလဲ

အိတတွှဝယပွှေီး အဆငမွပှလေို့ မကိုငဖွှဈရငတွော့ ဒါကို ဖတဖွို့လိုနပှေီ။   ယောငွးတို့ရေ … သိကှတဲ့အတိုငွးပဲ…အိတမွှငရွငွ မနနေိုငမွထိုငနွိုငွ

Read More »
သင့်ရဲ့ရှူးဖိနပ်အဖြူရောင်ကို အမိုက်ဆုံးဝတ်ဆင်နိုင်မည့် နည်းလမ်း (၅)ခု

သင့်ရဲ့ရှူးဖိနပ်အဖြူရောင်ကို အမိုက်ဆုံးဝတ်ဆင်နိုင်မည့် နည်းလမ်း (၅)ခု

အဖြူဆိုတာ ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေပေမဲ့ ဒီလိုလေးတွေ ထွင်ဝတ်တော့ ပိုဖက်ရှင်ကျတာပေါ့   စနီကာတွေကို အရင်တုန်းကတော့ မိန်းကလေးဖက်ရှင်လို့ မသတ်မှတ်ခဲ့ပေမဲ့

Read More »
ဖက်ရှင်နဲ့ ပက်သက်ပြီး မပြုလုပ်သင့်သည့်အချက်များ

ဖက်ရှင်နဲ့ ပက်သက်ပြီး မပြုလုပ်သင့်သည့်အချက်များ

ကို့ရို့ကားယားမဖြစ်ဖို့ ရှောင်ကျဉ်သင့်သော မလိုက်ဖက်တဲ့ဖက်ရှင်များ   အဝတ်အစားဆိုတာ ဝတ်လိုက်ရုံနဲ့ ပြီးမသွားပါဘူး။ ဝတ်တတ်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ကတော့ လှနေတယ်ထင်ပေမဲ့

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore