Logo

Lifestyle

ဒေါသကိုထိန်းချုပ်နိုင်မည့်နည်းလမ်း (၆)သွယ်

Six Great Ways to Control Anger

ဒေါသထိန်းချုပ်ဖို့ နည်းလမ်းကောင်း ၆ မျိုး

 

စိတ်တိုနေတဲ့လူဟာအမှားတွေကြီးဆက်တိုက်လုပ်နေမိတတ်ပါတယ်။ဒေါသအရမ်းထွက်နေရင်တောင်မှ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့လိုပါတယ်။အခု ယောင်းတို့ကို အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊မိသားစုနဲ့ပဲဖြစ်ဖြစ်၊ချစ်သူရည်းစား သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာတွေနဲ့ကြုံလာတဲ့အခါ ဒေါသကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အကြံနည်းနည်းပေးချင်ပါတယ်။

 

၁။အသက်ပြင်းပြင်းရှူပါ။

 

အရမ်းစိတ်တိုလာတဲ့အခါသုံးကြိမ်လောက်ဖြစ်ဖြစ် အသက်ပြင်းပြင်းရှူလိုက်ပါ။ အသက်ပြင်းပြင်း၇ှူလိုက်ရင် ဒေါသကြောင့်တက်နေတဲ့သွေးဖိအားကိုလည်းလျော့စေပြီး စိတ်တည်ငြိမ်စေပါတယ်။

 

၂။နံပါတ်တွေရေတွက်ပါ။

နံပါတ်စဉ်ရေတွက်ကြည့်ပါ။၁ ကနေ ၁၀ထိဖြစ်ဖြစ် ၁၅ ထိဖြစ်ဖြစ် စိတ်တည်ငြိမ်တဲ့ထိရေတွက်ပါ။ အဲလိုရေတါက်တာကလည်းဒေါသကိုလျော့စေပါတယ်။

 

၃။လမ်းလျှောက်ထွက်ပါ။

ဒေါသကိုထိန်းချုပ်နိုင်မည့်နည်းလမ်း (၆)သွယ်

တအားစိတ်တိုနေတဲ့အခါ လမ်းလျှောက်ထွက်လိုက်ပါ။ လမ်းလျှောက်ထွက်တော့ လေကောင်းလေသန့်လည်းရပြီး စိတ်ပြန်ကြည်လာမယ်။ လမ်းလျှောက်နေရင်း ကိုယ့်ကိုဒေါသထွက်စေတဲ့အရာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါ စဉ်းစားဖို့အချိန်ရသွားရောပေါ့။

 

၄။အော်ရယ်ပစ်လိုက်ပါ။

စိတ်တိုလာပြီဟေ့…မစရတော့ဘူး…တအားပေါက်ကွဲလာပြီဆို ဟာသတစ်ခုခုကြည့်ပြီးတော့ အားရပါးရအော်ရယ်ပလိုက်ပါ။ Hana တုန်းကတော့အားရပါးရအော်ရယ်ပလိုက်တာ အမေကလန့်ပြီးအခန်းထဲအပြေးရောက်လာတယ်။ ဟီးဟီး…ဘာပဲပြောပြော ဒီလိုလုပ်လိုက်တာတော်တော်တော့စိတ်သက်သာရာရသွားတယ်။

 

၅။စာရေးပါ။

ရိုးရိုးစာကိုပြောတာမဟုတ်ဘူးနော်။ ကိုယ့်ကိုစိတ်တိုစေတဲ့လူကို ခွင့်လွှတ်ကြောင်းစာလေးတွေရေးပါ။ သူ့ကိုမပေးတာ ပေးတာက တစ်ပိုင်းပေါ့။ မပေးရလည်းကိစ္စမရှိပါဘူး။ အဓိက ကစိတ်တိုနေတာလေးလျော့သွားဖို့ပဲမဟုတ်လား။

 

၆။ ကိုယ်ကြိုက်တဲ့အစားအစာတစ်ခုခုစားလိုက်ပါ။

ဒေါသကိုထိန်းချုပ်နိုင်မည့်နည်းလမ်း (၆)သွယ်

HER Myanmar ကတော့ စိတ်တိုလာပြီဆိုရင် ကိုယ်ကြိုက်တဲ့အအေးဖြစ်ဖြစ်၊ မုန့်ဖြစ်ဖြစ် တဝကြိးဝယ်စားပလိုက်တာပါ။ကိုယ်စားချင်တာစားရတဲ့အချိန်ဆို..ဟင်းဟင်း…သိတယ်မှတ်လား…လူကအလိုလိုစိတ်ကြည်သွားရော။

 

ယောင်းတို့လည်းအရမ်းစိတ်တိုနေရင်ဒီနည်းလေးတွေသုံးပြီးစိတ်လျှော့ကြည့်ပါလား။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

ကြောင်ချစ်သူများသိသင့်သည့် လျှို့ဝှက်ချက်များ

ကြောင်ချစ်သူများသိသင့်သည့် လျှို့ဝှက်ချက်များ

ကြောင်ချစ်သူတွေသိထားသင့်တဲ့ ပူစီလေးတို့ရဲ့လျို့ဝှက်ချက်များ ယောင်းကကြောင်ချစ်သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ယောင်းသေချာပေါက် နှစ်သက်မှာပါ။ ကြောင်လေးတွေက ခွေးတွေနဲ့မတူဘဲ ချစ်ဖို့ကောင်းတဲ့ အချေစတိုင်လ်ကို

Read More »
Art of Living Alone

တစ်ကိုယ်တည်းနေထိုင်ခြင်းအနုပညာ

တစ်ကိုယ်တည်းနေခြင်း အနုပညာ   နေ့စဉ်ဘဝစိတ်မွန်းကြပ်မှုတွေကြာင့်တစ်ယောက်တည်းတစ်နေရာရာကို ထွက်ပြေးချင်တဲ့စိတ်မျိုးပေါက်ဖူးကြမှာပါ။ အဲ့ဒီအချိန် လူတိုင်းလိုလို တွေးမိတာက တစ်ယောက်တည်း နေရရင်

Read More »
myanmar-proverbs-in-english

မြန်မာစကားပုံတွေကို အင်္ဂလိပ်လိုဘယ်လိုပြောမလဲ

မြန်မာစကားပုံတွေကို အင်္ဂလိပ်လိုပြောကြမယ် ဒီနေ့တော့ မြန်မာစကားပုံတွေကို အင်္ဂလိပ်လို ဘယ်လိုပြောရမလဲဆိုတာကို အက်မင်နဲ့တူတူ လေ့လာကြည့်ကြရအောင်။   (၁)

Read More »
losing weight with laughing

ရယ်မောခြင်းနှင့်အတူ ကိုယ်အလေးချိန်လျော့နည်းအောင် ဘယ်လိုကြမလဲ

ရယ်မောခြင်းဖြင့် ဝိတ်ချနိုင်သည်   ရယ်မောခြင်းသည် ဘဝအမောပြေစေတယ်ဆိုတာ တစ်ချို့တည်ငြိမ်သူတွေ နားမလည်ကြဘူး။ တဟီးဟီးတဟားဟားနဲ့ အမြဲရယ်နေကြတယ်ဆိုပြီး လှောင်ပြောပြောကြတယ်။

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore