ဒီကမ္ဘာကြီးပေါ်ကကိုယ့်ရဲ့နေရာကိုရှာဖွေဖို့လမ်းပျောက်နေသလိုခံစားနေရပါသလား။
သင်က ဘယ်သူလဲ။
ကျွန်မတို့တွေဒီအခြေအနေနဲ့ မစိမ်းကြပါဘူး။
တစ်ခါတလေ ကိုယ်မျှော်မှန်းထားသလို ကမ္ဘာကြီးကကိုယ့်ဘက်မှာမရှိတဲ့အခါမှာ ဘဝဟာရှုပ်ထွေးသလိုခံစားတတ်ကြရပါတယ်။
ဒီလို Inspiration ပျောက်နေတဲ့အခါမှာ ဘယ်လိုပြန်ရှာဖွေကြမလဲ ဆိုတာလေးတွေကိုတော့ ဒီတစ်ပတ်မှာ မျှဝေပေးချင်ပါတယ်။
- ဘယ်အရာကသင့်ကိုအမှန်တကယ်ပြောရွှင်စေလဲ။ဖြစ်ချင်တာနဲ့ဖြစ်နေဝာာနဲ့ တစ်ထပ်တည်းမကျနိုင်တဲ့အခြေအနေမျိုးမှာအမှန်တကယ် ပျော်ရွှင်မှုဆိုတာဘာလဲပျောက်ဆုံးနေတတ်ပါတယ်။ ဒါ့ကြောင့် ပြန်စဉ်းစားပါ။ ဘယ်အရာတွေက သင့်ရဲ့ဖြစ်တည်မှုကို တောက်ပစေနိုင်သလဲ။ဘာမရှိရင် မနေနိုင်ဘူးလဲဆိုတာ မိမိကိုယ်တိုင်စဥ်းစားရမဲ့အပိုင်းဖြစ်ပါတယ်။သိသွားတဲ့အခါမှာတော့ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဖို့ရင်ဆိုင်ကြည့်လိုက်ပါ။
- Inspiration ရနိုင်မဲ့ Source များရှာဖွေပါ။
ကျွန်မတို့ရဲ့စိတ်ကိုကိုင်လှုပ်နိုင်တဲ့အရာတွေဟာ သက်ရှိရော သက်မဲ့ရောဖြစ်နိုင်ပါတယ်။သင်ဖတ်လိုက်တဲ့စာတစ်ကြောင်းကနေအားအင်ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ကလူတစ်ယောက် ဒါမှမဟုတ် Idol တစ်ယောက်ကလည်း သင့်မျက်လုံးထဲမှာတောက်ပနေနိုင်လို့ လှပတဲ့အရာမှန်လျင် ဖမ်းဆုပ်ထားနိုင်ပါတယ်။
- Inspiration ဆိုတာ အချိန်ပြည့်ရဖို့မလွယ်ကူဘူးဆိုတာ လက်ခံထားပါ။တစ်ခါတလေ စိတ်ကွန့်မြူးဖို့ခက်ခဲနိုင်ပါတယ်။ ထိုင်ပြီးအလုပ်လုပ်ချင်လုပ်နေမယ်၊အင်တာနက်သုံးပြီးတစ်နေ့လုံးအချိန်ကုန်ရင်ကုန်နေမယ်။ဒါ့ပေမဲ့ Relax.တစ်ခါတလေအတွက် အဆင်ပြေတယ်လို့ပဲမှတ်ထားပေးပါ။
- အတိတ်မှာဘာတွေ အောင်မြင်ပြီးမြောက်ခဲ့လဲ ဘာတွေသင်ယူခဲ့လဲ ဘယ်လိုမတူထူးခြားအောင်လုပ်ခဲ့လဲ ဆိုတာတွေ ကိုသုံးသပ်နိုင်ပါတယ်။
- စိတ်ကူးသစ်တွေရရှိဖို့ သဘာဝအလှအပတွေကလည်း ရှာဖွေ ပြီး အားအင်တွေဖြည့်စည်း လို့ရပါတယ်။ လှပသန့်ရှင်းတဲ့နေရာမှာ Yogaလုပ်တာ လမ်းလျှောက်တာတွေလုပ်တာက သင့်ကိုသန့်ရှင်းလတ်ဆတ်တဲ့ ခံစားချက်ပေးပြီး ဉာဏ်ကွန့်မြူးစေမှာပါ။
သင့်အတွက် ဒီနေ့ရဲ့ Inspiration ကဘာပါလဲ။
ဒီလို Psychology နဲ့ပတ်သတ်တဲ့ post မျိုးဖတ်ချင်တယ်ဆိုရင် HER Myanmar pageကို follow လုပ်ထားပေးပါ။