Logo

Lifestyle, Relationships

မိန်းကလေးတွေ အမုန်းဆုံးစကား (၅)ခွန်း

မိန်းကလေးတွေ အမုန်းဆုံးစကား (၅)ခွန်း

မိန်းကလေးတွေ အမုန်းဆုံး စကား(၅)ခွန်း

 

မိန်းကလေးတွေက မျက်နှာအလှဖို့တဲ့ မိတ်ကပ်ထက် စကားလုံးအလှဖို့တဲ့ စိတ်ဓာတ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။ လှလှ မလှလှ “နင်ဒီနေ့ လှနေသလိုပဲ”ဆိုတာနဲ့တင် ပီတိတွေဖြာ သွားတွေကိုဖြီးလို့။ ဒါကြောင့်မို့လည်း ယောကျာ်းလေးတွေ တော်ကီပစ်ကောင်းတာပါ။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ အတွက် တော်ကီသိုင်းကျင့်ထားမှလည်းတော်ကာကျမှာကိုး။ ဒါပေမယ့် အလိုက်ကန်းဆိုးမသိတဲ့ တစ်ချို့ယောက်ျားလေးတွေရဲ့ နမော်နမဲ့ စကားတစ်ချို့က မိန်းကလေးတွေကို ဒေါခွီးစေပါတယ်။ ယောကျ်ားလေး မပြောနဲ့ မိန်းကလေးအချင်းချင်းတောင် ဒီစကားမျိုးပြောလာခဲ့ရင် စိတ်ထဲက ကြိတ်ဆဲပါပြီ။

 

၁။ နင်ဝလာသလိုပဲနော်။

အရှိကို အရှိအတိုင်းလက်ခံနိုင်ပေမယ့် ဝတာကို ဝတယ်လို့ လက်မခံချင်တာ ကိုယ်တွေမိန်းကလေးတွေပါ။ ကိုယ်နဲ့ခင်တဲ့ လူပြောရင်တောင် ဘယ်ညာတောင်မြောက် ကာဆီးပိတ်ငြင်းကြဦးမှာ။ သိပ်မရင်းနှီးပဲ အဲ့ဒီ့စကားမျိုးပြောလာရင်တော့ မျက်နှာကသာပြုံးဖြီးနေမှာ စိတ်ထဲက အချက်တစ်ရာလောက် ထိုးပြီးပြီ။

 

၂။ အရမ်းစားတာပဲနော်။

“ဘာဖြစ်လဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားတာ သူ့အပူပါလို့လား” လို့အော်တိုမက်တစ် ဖြေပြီးသားပါ။ ဒါဟာ မိန်းကလေးထုကြီးရဲ့ ထာဝရ ဆာလောင်မှုကို ပြက်ရယ်ပြုလိုက်တာပါပဲ။ အထူးသဖြင့် စုံတွဲတွေကြား မကြာခဏဖြစ်ရတဲ့ ပြသနာတစ်ရပ်ပါ။ ကောင်လေးတွေ ကိုယ်ေ့ကာင်မလေးစားတာကိုပဲမြင်တယ်။ သူတို့ယောက်ျားလေးတွေ ချစ်သူ ငုတ်တုတ် အခြားကောင်မလေးကို ငမ်းနေတဲ့အချိန် ကိုယ်တွေမိန်းကလေး အစားပဲငမ်းတာကို ကျေးဇူးတောင်တင်ရဦးမှာ။

 

၃။မိန်းကလေးဖြစ်ပြီးတော့။

ဒီစကားက တစ်ကယ်တော့ရယ်စရာကောင်းပါတယ်။ မိန်းကလေးဖြစ်ပြီး ဟိုလို လုပ်စရာလား ဒီလိုလုပ်စရာလားနဲ့ စကားကိုက ခွဲခြားလွန်းပါတယ်။ဒီကိစ္စရဲ့ တရားခံတွေကတော့ လူကြီးတွေပါ။ ကိုယ်က အမှားလုပ်မိလို့ ထောက်ပြတာလက်ခံပေမယ့် ဒီစကားလုံးသုံးလိုက်တာနဲ့ မိန်းမတစ်ယောက်ဖြစ်ရတာ တစ်ကွက်နာတယ်လို့ ထင်ယောင်စေတဲ့ အတွက်ကြားတာနဲ့ဒေါသထွက်မိစေပါတယ်။

မိန်းကလေးတွေ အမုန်းဆုံးစကား (၅)ခွန်း

၄။လင်တရူးမ။

ဒါတောင် ကိုရီးယားကားထဲကလို လင်လုတာမဟုတ်သေးဘူးနော်။ ကိုယ့်ပါကိုယ် ခွက်ရှ်လေး သုံးလေးငါးယောက်ထားတာကို လင်တရူးတယ်ဆိုတော့ကာ သူများရည်းစား ဖြတ်ခုတ်နေတဲ့ စနိုက်ကြော်တွေကမှ တစ်ကွက်သာသေး။အထူးသဖြင့်အဲ့ဒီ့လို သူငယ်ချင်းအရင်းခေါက်ခေါက်တွေပြောလာရင်တောင် နားရင်းပိတ်တီးချင်တာပါပဲ။

 

၅။ငပျင်းမ။

ပျင်းလွန်းလို့ တစ်နေကုန် အိပ်ချင်ရင်တောင် အိပ်နေမယ်။ အေး..အဲ့ဒါကိုလာပြီး ငပျင်းမလို့ခေါ်ရင်တော့ နှစ်ဆပိုပျင်းပြလိုက်မယ်။တစ်ကယ်က ပျင်းတာရဲ့နောက်ကွယ်မှာ အကြောင်းတရားတွေအများကြီးရှိနေပါသေးတယ်။ အတွေးလွန်နေလို့၊စိတ်ဓာတ်ကျနေလို့၊လမ်းစပျောက်နေလို့၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လို့ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ပြသနာကို ဂဃနဏ မသိပဲ ပတ်ရမ်းပြီး ငပျင်းမ ခေါ်ရင်တော့ စိတ်ထဲက အခဲမကျေတော့ပါဘူး။

 

အကယ်လို့များ တစ်ယောက်ယောက်က ပျိုမေတို့ ရင်တွင်းထဲကို အခဲမကျေဖြစ်စေမယ့် ဒီစကားလုံးတွေကို ပြောလာမယ်ဆိုရင်တော့ လေကုန်ခံပြောမနေပဲ ဒီဆောင်းပါးလေးကို ရှဲ ပေးလိုက်ပါ။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

အစားမက်တဲ့ သင့်ချစ်သူကို အပြစ်မတင်ပါနဲ့

ကျွန်မတို့မိန်းကလေးတွေက ယေဘုယျအားဖြင့် အစားအသောက်မက်ကြပါတယ်။ အစားကြီးတယ်လို့မဆိုလိုဘူးနော်။ အရသာ အမျိုးစုံလင်အောင်စားဖူးချင်ကြတာပါ။ လမ်းမှာ ပြောင်းဖူးပြုတ်လေး မတွေ့လိုက်နဲ့ စားချင်ပြီ။

Read More »
ဇက်ကြောတက် သက်သာစေဖို့ နည်းလမ်း (၉) ခု

ဇက်ကြောတက် သက်သာစေဖို့ နည်းလမ်း (၉) ခု

တစ်ခုခု အာရုံစိုက်မယ်မကြံနဲ့… ဇက်ကြောက အရင်တက်မယ်ဆိုတဲ့ ယောင်းလေးတို့ ဖတ်ဖို့..  တစ်နေ့တာလုပ်ငန်းဆောင်တာတွေပြီးလို့ ညနေစောင်းမှာ ဇက်ကြောတက်ခြင်းကို နေ့တိုင်းနီးပါးခံစားနေရတဲ့ယောင်းတို့များ ရှိနေမလားဟင်…

Read More »
အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

ချစ်တတ်ရင်တော့ အသည်းကွဲရမှာပါပဲ…   အသည်းပါလာရင် အသည်းတော့ ကွဲစမြဲပါပဲ။ ကြီးကြီးမားမား မကွဲရင်တောင် သေးသေးလေးတော့ ကွဲကြဖူးမှာပါ။

Read More »
အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

ဟင့အွငွး စိတညွဈနမယေ့အွစား ကိုယကွတော့ ဒရာမာဇုနထွဲကနပေဲ ပှေးထှကပွဈလိုကမွယွ… ကမဘြာပေါမွှာ အခကခွဲဆုံးအလုပကွ ဘာလဲသိလား? ကိုယ့ကွိုယကွိုယွ ပှနပွှနပွှီး

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore