Logo

Relationships, Featured, Love

Relationship တစ်ခုမှာကြုံတွေ့လေ့ရှိသည့် ပုံမှန်အရာ (၁၀)ခု

10 things to experience in your relationship

Relationship တစ်ခုဆိုတာအချိန်ကြာလာတဲ့အမျှ ဆက်ပြီးလက်တွဲထားရမလား စဉ်းစားဖို့ပိုခက်ခဲလာပါတယ်။

 

အရာရာတိုင်းကတော့သင်ထင်သလိုမချောမွေ့နိုင်ပါဘူး။

 

မဖြစ်မနေကြုံတွေ့ရမဲ့အခက်အခဲလေးတွေရှိသလို သာမန်အားဖြင့်ရင်ဆိုင်ရမဲ့အချက်လေးတွေလည်းသိထားမယ်ဆိုရင်တော့ပိုပြီးလွယ်ကူသွားမှာဖြစ်ပါတယ်။

 

၁။နားလည်မှုလွဲတတ်တာမျိုးက မဖြစ်မနေကြုံတွေ့ရမဲ့ကိစ္စတွေပါ။အရေးမပါတဲ့ကိစ္စသေးသေးလေးဆိုရင်စိတ်ကိုပြန်ထိန်းပြီးမေ့လိုက်ပါ။စိတ်ထဲခဲထားရင်တော့‌ ပြဿနာပိုကြီးလာဖို့ပဲရှိပါတယ်။

 

၂။ချစ်သူနဲ့အမြဲလိုလိုအတူရှိနေချင်ရဲ့စိတ်ကိုမေ့ထားရပါမယ်။ခဏလောက်ခွဲခွာရမဲ့ကိစ္စမျိုးရှိရင်အကောင်းဘက်ကဘဲတွေးရပါမယ်။သူ့အစားသူငယ်ချင်းမိသားစုတွေလည်းအချိန်ပေးလိုက်ပါ။ပြန်တွေ့မဲ့အချိန်မှာတော့ဆုံရတဲ့အချိန်ကိုပိုတန်ဖိုးထားတတ်စေမှာပါ။

10 things to experience in your relationship

၃။တစ်ယောက်နှင့်တစ်ယောက်တိုးတက်ကြီးပွားဖို့အပြန်အလှန်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးရတာတွေနဲ့ကြုံရပါမယ်။အချင်းချင်းဝါသနာ၊ စိတ်ဝင်စားတာတွေနဲ့ပတ်သတ်လို့ရှာဖွေပြီး ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်သင့်ပါတယ်။

 

၄။မိမိရဲ့ချစ်သူဟာအရာအားလုံးပြီးပြည့်စုံတဲ့ superheroတစ်ယောက်မဟုတ်နိုင်ပါဘူး။တစ်ယောက်ရှိတဲ့ အားနည်းချက်တစ်ယောက် လက်ခံထားရပါမယ်။

 

၅။သူ့မှာကိုယ်မကြိုက်တဲ့အချက်တွေတွေ့ပြီဆိုလျင်အရာရာကိုလိုက်ပြုပြင်ဖို့မကြိုးစားပါနဲ့။အ‌သေးအဖွဲကိစ္စလေးတွေဆိုလျင် အရှိကိုအရှိအတိုင်း လက်ခံပြီးချစ်ပေးဖို့ကြိုးစားကြည့်ပါ။

Relationship တစ်ခုမှာကြုံတွေ့လေ့ရှိသည့် ပုံမှန်အရာ (၁၀)ခု

၆။ အခပ်မသင့်လို့ ရန်ဖြစ်ရတာမျိုးလေးတွေrelationshipရှိသူတိုင်းကြုံတွေ့ဖူးမှာပါ။တကယ်ချစ်တယ်ဆိုလျင်ဘယ်သူနိုင်တယ်၊ဘယ်သူရှူံးတယ်လုပ်မနေပဲ ကိုယ့်ကိုယ်ကိုရော ကိုယ့်ချစ်သူကိုရော ခွင့်လွှတ်ပေးလိုက်ပါ။

 

၇။အရာရာကိုမျှော်လင့်ချက်အရမ်းမထားပါနဲ့။ဖြစ်မလာနိုင်တဲ့အချို့ကိစ္စတွေကိုမျှော်လင့်ထားတာဟာ ပိုပြီးစိတ်ပင်ပန်းစေပြီးအလိုမကျပဲဖြစ်စေပါတယ်။

 

၈။စိတ်ခံစားချက်တွေကို မျိုသိပ်မထားပဲ အရှိကိုအရှိတိုင်းဖွင့်ထုတ်ပါ။ဒါပေမဲ့ရင့်ကျက်တဲ့ပုံစံနဲ့ပဲသင်ဘယ်လိုခံစားရလဲပြောပြမှနားလည်မှုလွဲတာတွေရှောင်ရှားနိုင်မှာပါ။

 

၉။Boundries တွေထားရပါမယ်။ တခါတလေဘယ်ကိစ္စမှာမဆိုမိမိလိုက်လုပ်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုထိပဲသတ်သတ်မှတ်ထားရပါမယ်။အဲ့ဒိထက်ကျော်လာရင်တော့ချစ်သူပင်ဖြစ်လေ့ကစားနားလည်အောင်ပြောပြပြီး မလုပ်နိုင်ကြောင်းရှင်းပြရပါမယ်။

10 things to experience in your relationship

၁၀။Relationship ဆိုတာယုံကြည်မှုတည်ဆောက်တာလည်းဖြစ်ဖို့ ရိုးသားမှုရှိဖို့ကြိုးစားရပါမယ်။နည်းနည်းလေးဖြစ်ဖြစ်လိမ်လိုက်မိတာကလည်း ရေရှည်မှာမကောင်းတဲ့အကျိုးဆက်တွေပြန်ခံစားရတတ်ပါတယ်။

 

ဒီ၁၀ချက်ကိုကြုံတွေ့ရတာမျိုးရှိဖူးပြီလား။

 

အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ဆိုဒီအချက်လေးတွေကိုလက်ခံပေးရပါမယ်နော်။

Share this story

Share on facebook
Share on whatsapp
Share on email
Share on pinterest
Share on linkedin

Related Articles

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးမတိုးတဲ့ အုန်းသီးနို့ခေါက်ဆွဲလုပ်နည်း

သွေးတိုးမှာပူစရာမလိုတဲ့ နို့စိမ်းအုန်းနို့ခေါက်ဆွဲချက်နည်း   ယောင်းတို့ရေ.. မြန်မာရိုးရာမုန့် တော်တော်များများက အုန်းနို့ကို အသုံးများတော့ သွေးတိုးရှိတဲ့သူတွေမှာ မြင်သာမြင်ရ

Read More »
How do you maintain long-lasting eyelashes?

မျက်တောင်မွေး ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ။

ဆက်ထားတဲ့မျက်တောင်လေးတွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမလဲ   ကဲ ယောင်းလေးတို့ရေ အခုတလော မျက်တောင်ဆက်တာကလည်း ခေတ်တော်တော်စားလာတယ်ဆိုတော့ တို့ယောင်းယောင်းလေးတွေလည်း

Read More »

HER Myanmar

Page သို့သွားရန်

HER Myanmar အနေနဲ့ သင့်ဘဝရဲ့လိုအပ်ချက်တွေအားလုံးကို သင့်မိတ်ဆွေတစ်‌ယောက်အနေနဲ့ အမြဲ အဖော်ပြအကြံပေးသွားမှာဖြစ်ပါတယ်။

Her Myanmar Team

Editor's Pick
Sponsor

ADVERTISE WITH US

Explore